Varudu Kaavalenu (2021)



Varudu Kaavalenu (2021)
====================
ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။

ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....

ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။

အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။




Post a Comment