=============
Drama | Imdb - 7.1/ 10
နောက်ထပ် စိတ်ဝင်စားစရာကားလေး လာပြီနော်
ဒီကားထဲမှာဆိုရင် သူဌေးကြီးတစ်ယောက်ရှိတယ်
သူ့မှာ သမီးတစ်ယောက်ရှိတယ်
သူ့သမီးက လူတစ်ယောက်နဲ့လက်ထပ်လိုက်တယ်
ဒါပေမယ့် အဲဒီလူက ပညာတတ်ပေမယ့်
ပိုက်ဆံမရှိတော့ သူဌေးကြီးက သိပ်မကြည်ဖြူဘူး
အဲဒီလိုနဲ့ သူဌေးကြီးရဲ့သမီးဖြစ်သူက
အမွှာ သားယောက်ျားလေးကို မွေးလာပြီးနောက်
အခြေအနေတစ်ခုကြောင့် သူဌေးကြီးရဲ့သားမတ်ဖြစ်သူက
အမွှာထဲက သားအငယ်ကိုခေါ်ပြီး ကနေဒါကို ထွက်သွားဖို့
ဖြစ်လာခဲ့တယ်
သားအကြီးနဲ့ သားအငယ်က ကွဲကွာသွားတာပေါ့လေ
ကြီးလာတော့ သားအကြီးက ရွာစရိုက်တွေနဲ့
ကြမ်းတမ်းတဲ့သူဖြစ်လာတယ်
သားအငယ်ကတော့ အဖေရဲ့သွန်သင်မှုတွေနဲ့
သိမ်သိမ်မွေ့မွေ့လေးပဲ
အဲဒီလိုနဲ့ သူတို့အမွှာနှစ်ယောက် ပြန်လည်တွေ့ဆုံဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုအလှည့်အပြောင်းတွေ လုပ်ကြမလဲဆိုတာ
စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲ ကြည့်လိုက်ကြစို့နော်