Ram Asur : The Peanut Diamond (2021)


 

Ram Asur : The Peanut Diamond (2021)

==================================

Action | Imdb - 9.2/ 10 


မြေပဲထောပတ်ကနေ စိန်ထုတ်မယ့်ကားလေး 😁 


ဒီဇာတ်လမ်းက ၁၉၈၉ ခုနှစ်တုန်းက လူတစ်ယောက်နဲ့ အခုလက်ရှိ ၂၀၂၀ မှာရှိနေတဲ့ခေတ်နှစ်ခေတ်က လူနှစ်ယောက်ရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ သူတို့ကြားမှာ ဘယ်လိုပတ်သတ်မှုရှိသလဲဆိုတာကတော့ ဇာတ်လမ်းရဲ့ မြုပ်ကွက်လည်းဖြစ်သလို ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင်ဆွဲခေါ်သွားမယ့် အဓိက main point တစ်ခုလည်းဖြစ်ပါတယ်။


ရမ်ဟာ စိန်ကိုသဘာဝအလျောက်မဟုတ်ဘဲ လူသားတွေကိုယ်တိုင် ဖန်တီးနိုင်မယ့် စီမံကိန်းတစ်ခုကိုရေးဆွဲနေတဲ့သူပါ။ ဒါပေမယ့် သူအရမ်းချစ်ရတဲ့ မိန်းကလေးရဲ့ ထားခဲ့ခြင်းကိုခံရအပြီးမှာတော့ ဘဝဟာအဓိပ္ပါယ်မဲ့ပြီး သူ့ရဲ့အိပ်မက်အားလုံးကိုစွန့်လွှတ်ပစ်ခဲ့ပါတယ်။ တစ်ရက်တစ်ရက် အခန်းထဲပိတ်လှောင်ရင်း မူးရူးပြီးကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်နေတဲ့ မင်းသားကို မကြည့်ရက်တော့တဲ့အဆုံး သူ့သူငယ်ချင်းဟာ ပရောဟိတ်ကြီးတစ်ယောက်ဆီကိုခေါ်လာခဲ့ပါတော့တယ်။


မင်းသားရဲ့ ဇာတာခွင်ကို သုံးသပ်ကြည့်ပြီးတဲ့နောက် မင်းသားရဲ့ပြသနာတွေကို ဖြေရှင်းချင်ရင် လူတစ်ယောက်ကိုသွားရှာရမယ်လို့မိန့်တယ်။ အဲ့ဒီလူဟာ လွန်ခဲ့တဲ့အနှစ် ၃၀ ကတည်းက သေဆုံးခဲ့တဲ့လူပါ။ လူ့လောကကြီးမှာမရှိတော့တဲ့ လူတစ်ယောက်ဟာ သူနဲ့ဘယ်လိုတွေဇာတာခွင်ဆုံနေလို့လဲ၊ သူကရော မင်းသားကိုဘာတွေအကူအညီပေးနိုင်မှာမလို့လဲဆိုတဲ့ သို့လောသို့လောမေးခွန်းတွေကို နားမလည်နိုင်ဘဲ မင်းသားတို့ဟာရှာပုံတော်ခရီးကြီးစတင်ခဲ့ပါတော့တယ်။ 




Post a Comment