Theerpugal Virkapadum(2021)
===============================
IMDb 8.1 /10
Thriller
လူဆိုးတိုင်းဟာ မွေးရာပါဗီဇနဲ့ဆိုးခဲ့တဲ့သူတွေမဟုတ်ပါဘူး။ လူကောင်းအဖြစ်ကနေ လောကဓံတရားရဲ့ အနိုင်ကျင့်မှုတွေကြောင့် လူဆိုးအဖြစ်ရောက်ခဲ့ရတဲ့သူတွေလည်းရှိပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားလေးထဲက ဇာတ်ကောင်နာလန်လိုပေါ့။
နာလန်ဟာ သိပ်ကိုထူးချွန်ပြီး သဘောထားပြည့်ဝတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူ့ဘဝမှာ အရာအားလုံးပြည့်စုံသလို သူသိပ်ချစ်ရတဲ့ သမီးလေးနဲ့အတူ တည်ဆောက်ထားတဲ့ဘဝဟာ သိပ်ကိုပျော်စရာကောင်းလွန်းပါတယ်။
ဒါပေမယ့် လောကဓံတရားဆိုတာ လူကောင်းတွေကိုပဲ ရိုက်ခတ်လေ့ရှိတာမျိုးလေ။ တစ်နေ့ မမျှော်လင့်ဘဲ သူ့ရဲ့ဘဝထောက်တိုင်ကြီး ပျက်စီးသွားတဲ့အချိန်မှာ ဒီအတွက်တရားမျှတမှုကိုရနိုင်ဖို့ တရားဥပဒေဘောင်ထဲမှာ ရှာဖွေခဲ့တယ်။ အကျင့်ပျက်ခြစားတဲ့ ပုဂ္ဂိုလ်တွေနဲ့တည်ဆောက်ထားတဲ့ တရားစီရင်ရေးဆိုတာ စက္ကူစုတ်တစ်ရွက်ထက်မပိုတဲ့ အရာတစ်ခုပဲမဟုတ်လား။
ဒီတော့ ဥပဒေကသူ့အတွက်အရေးမပါတော့တဲ့အခါ ဒီတရားမျှတမှုအတွက် သူကိုယ်တိုင်ဖန်တီးယူရပါတော့တယ်။