Sultan (2021)


Sultan (2021) 
အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာ ဆဲသူပတီရဲ့လူဆိုးဂိုဏ်းဆို တစ်မြို့လုံးကြောက်ကြပါတယ်။ ဆိုးပါပေ့ဆိုတဲ့လူကြမ်းကြီးတွေက တစ်စိတ်တစ်ဝမ်းတည်းနေကြရင်း မိသားစုကြီးတစ်ခုလို နေထိုင်နေကြချိန်မှာ သူတို့ခေါင်းဆောင်ကြီး ဆဲသူပတီရဲ့ဇနီးမှာ ကိုယ်ဝန်ရပြီး ကလေးတစ်ယောက် သူတို့ဘဝထဲရောက်လာတယ်။ ကလေးနာမည်က စူလတန်တဲ့။

စူလတန်မွေးတဲ့နေ့မှာပဲ အမေဖြစ်သူဆုံးသွားခဲ့တာကြောင့် စူလတန်လေးက သူ့ဦးလေးလူကြမ်းတွေ အယောက်တစ်ရာလောက်ကြားထဲမှာ အချစ်ခံပြီးကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ အမေ့သွေးပါတဲ့ စူလတန်လေးက လူကြမ်းအလုပ်တွေကိုမုန်းတီးပြီး သူ့မိသားစုလိုဖြစ်နေတဲ့ လူကြမ်းကြီးတွေကို ရဲဖမ်းမခံရအောင်လို့ ပြုပြင်ပြောင်းလဲဖို့ကြိုးစားပုံတွေကို ဟာသဆန်ဆန်လေး ရိုက်ပြထားပါတယ်။

စူလတန်ခိုင်းသမျှနားထောင်ကြတဲ့ လူကြမ်းတွေကို စူလတန်တစ်ယောက် ဘယ်လိုပြုပြင်မလဲ။ လောကကြီးထဲက အချို့လူတွေက နည်းသင့်လမ်းသင့်ပြောလို့မရဘူးဆိုတာကို စူလတန်မျက်မြင်ကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမယ့် action, drama ​ကားကောင်းလေးဖြစ်ပါတယ်။




Post a Comment