Shyam Singha Roy(2021)
====================
Drama, History
Imdb - 8.3/ 10
စိုင်းပလာဗီရဲ့ ကားသစ်လေးတင်ပေးလိုက်ပါပြီနော်
ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ဒရမ်မာရသကို ခပ်ပါးပါးလေးထည့်ထားပြီး ကြည့်ရှူသူရဲ့နှလုံးသားထဲမှာ နက်နက်ရှိင်းရှိင်း ခံစားရစေမဲ့ သမိုင်းနောက်ခံဒရမ်မာကားလေးဖြစ်တဲ့ "Shyam Singha Roy" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။
ဒီဇာတ်ကားကတော့ အတိတ်နဲ့ပစ္စုပ္ပန် နှစ်ဘဝဇာတ်ရုပ်ကြားက ဖြစ်ရပ်အပိုင်းအစတွေကို အတွေးအမြင်၊ ခံစားမှုရသတွေမြောက်စွာ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အတိတ်ဆိုလို ပုဂံခေတ်၊ညောင်ရမ်းခေတ်လို အရမ်းအဝေးတဲ့အတိတ်မျိုး မဟုတ်ပါဘူး။ ဇာတ်ရှိန်ပျက်မှာစိုးလိုအများကြီးလည်း မပြောလိုပါဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်ကာလအတွင်း ရှမ်ဆင်းဂါးရွိင်လိုခေါ်တဲ့ ဓလေ့၊ ထုံးတမ်း၊ အယူအဆတော်လှန်ရေး စာရေးဆရာတစ်ယောက်နဲ့ ကျွန်ပြုခံရတဲ့ဘဝအနေအထားနဲ့ ရှင်သန်နေရတဲ့ကချေသည်မလေး ရိုစီတိုရဲ့ကြားမှာ အခိုင်အမာဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က..
နှစ်၅၀ကုန်လွန်ခဲ့ပြီးနောက် လက်ရှိအချိန်ကာလကို ရောယှက်ဆက်နွယ်လာကာ ပြန်လည်အသက်ဝင်လာပုံကို အချစ်၊အမုန်း၊အလွမ်း၊အဆွေးရသမျိုးစုံနဲ့အတူ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီတော့ သိမ်မွေ့မြဲမြံတဲ့ ချစ်ခြင်းမေတ္တာအငွေ့အသက်မျိုးကို ပရိသတ်တိုရဲ့နှလုံးသားထဲမှာ နူးညံ့ညင်သာစွာ ဖြစ်တည်လာတာကို ခံစားချင်မိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို လက်မလွတ်တမ်းကြည့်ရှုဖို တိုက်တွန်းလိုက်ပါတယ်နော်။