Action/ Drama ( IMDb - 5.2 )
ဒီတစ်ခါ မင်းသမီးလေး Rashmika Mandanna ( Geetha Govindam/Sarileru Neekevvaru/ Chalo) ရဲ့အိန္ဒိယဇာတ်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ရှီဗာဆိုတဲ့ကောင်လေးအကြောင်းကို ရိုက်ကူးထားတာပါ ရှီဗာငယ်ငယ်တုန်းက သူ့အဖေကအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အမေနဲ့အဘွားက သူ့ကိုအမှန်အတိုင်းမပြောပြပဲလိမ်ထားခဲ့ပါတယ်။ သူ့အမေက သူ့အတွက်အားကိုးရအောင်နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ရှီဗာကတော့ သူ့အမေနောက်အိမ်ထောင်ပြုတာကိုရော အဖေသေတာကိုရောသိခဲ့ပါဘူး။
သူ့အဖေကအဝေးမှာအလုပ်လုပ်နေတယ်လို့ပဲသိထားခဲ့တာပါ။ တစ်နေ့ကျသူ့အဘွားဆုံးခါပြီးမှာ အမှန်တရားတွေကိုဖွင့်ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ရှီဗာတစ်ယောက် အံ့ဩပြီးတော့ပေါက်ကွဲသွားပါတော့တယ်။ အမေကိုလည်းစိတ်ဆိုးသူ့ပထွေးကိုလည်းစိတ်ဆိုးပြီး လူဆိုးတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီလိုဘဝနာလို့ လူဆိုးဖြစ်လာခဲ့တဲ့ရှီဗာတစ်ယောက် ဘယ်လိုလူမိုက်လုပ်ရပ်တွေကိုလုပ်မလဲ သူပြန်ပြီးလိမ်မာလာမှာလား။
မိသားစုနဲ့အဆင်ပြေလာမလားဆိုတာကို စောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။