Churuli (2021)


Churuli (2021)
ဒီတစ်ခါမှာတော့ Churuli India ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါစေ

ဇာတ်လမ်းအကျဥ်းလေးကတော့
ရဲသားကြီး နှစ်ယောက်က ဝရမ်းပြေး ဂျွိုင်းကို ဖမ်းဖို့ အတွက် ဂျွိုင်းဆီတဲ့ ရွာလေးကို အလုပ်သမားတွေအဖြစ် ဟန်ဆောင်ကာ ရောက်လာခဲ့ကြတယ်။

ရဲသားကြီးနှစ်ယောက် ရောက်ရှိလာပေမယ့် ဂျွိုင်းက ရွာမှာ မရှိတဲ့ အတွက် ရွာက အရက်ဆိုင် လေးမှာဘဲ အလုပ်ဝင် လုပ်ပြီး ဂျွိုင်းအိမ်ပြန်လာတာကို စောင့်နေကြတယ်။
အချိန်တွေ ကြာလာတော့ ရွာလေးအကြောင်းကို တစစနဲ့ သိလာခဲ့တယ်။ ရွာက သူတို့ထင်သလို မဟုတ်ဘဲ တောအုပ်ကြီးအလယ်မှာ တည်ရှိပြီး ထူးဆန်းမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်၊ ပြီးတော့ ရွာသားတွေကလည်း သာမန်လူမဟုတ် ဘဲ ဝရမ်းပြေးတွေ ဖြစ်နေတာကြောင့် ရဲသားကြီး နှစ်ယောက် ဂျွိုင်းကို ဘယ်လို အန္တာရာယ် ကင်းကင်းနဲ့ ဖမ်းမလဲ ဆိုတာ စိတ်ဝင်တစား ကြည့်ရမှာဘဲ ဖြစ်ပါတယ်။
တောအုပ်အလယ်က Churuli ရွာလေးက ဘယ်လိုထူးဆန်းမှုတွေ နဲ့ ပြည့်နေမလဲ…..
ဂျွိုင်းကို ရော ရဲသားကြီး နှစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းမလဲ…




Post a Comment