Check (2021)
IMDb…7.0
၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့် လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်…ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး သေမိန့်ပေးခဲ့တယ်…ဒီထဲမှာ သံသယရှိသူအဖြစ်
ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ…သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလို
ဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်…ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်….
ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်…လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်…ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ….ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ…သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား…သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား…တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ…နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်…ကြည့်ရကြိုးလုံးဝနပ်စေရမယ်….